Powered by Blogger.

သီချင်းချစ်သူများအတွက် ရည်ရွယ်ပြီးကိုယ်တိုင်ပြုလုပ် ထားသောဆိုဒ်လေးဖြစ်ပါတယ် သီချင်းလေးများကိုပြန်လည် စုစည်းကာ ပြန်လည်မျှဝေပေးထားတဲ့နေရာလေးပါ လာရောက်ကြသော သူငယ်ချင်းအပေါင်း သီချင်းလေးများနှင့်အတူ စိတ်၏ကျမ်းမာခြင်း ကိုယ်၏ကျမ်းမာကြပါစေလို့ ¥ÄÑGÖÑ †HÄRLÄ¥ ဆုတောင်းပေးလိုက်ပါတယ်
RSS

If We Meet Next Timi ( ရသ. Jenny J Ki)



နောက်ထပ်တွေ့ဖြစ်ရင်

ရသ . Jenny . J Ki

Jenny (Chorus)

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့ Ohh!!!
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့နှုတ်ဆက်

ရသ (Rap 1)


ဒါတွေပြန်မတွေးချင် အမြဲတွေ့မြင်နေလို့စိတ်နာ အတိတ်က အရိပ်များရောက်ရောက်လာလို့
မီးမှိတ်ပြီးတော့ ပိတ်ခါ အိပ်တာ အိပ်မရ အိပ်ယာဝင်ဖို့ငါ့မှာစိတ်မပါ အဆိပ်သင့် တိမ်လွှာလွှမ်းချုံ
မင်းရဲ့ကျိန်စာ ပန်းနုရောင် ဖိတ်စာပေါ်က မင်းရဲ့သတို့သားနာမည် ဘယ်လိုများလဲ ဖတ်ဖို့က
ခွန်အားမရှိတော့ ငိုရပြန်တယ် ပတ်သတ်ခဲ့တဲ့ကိစ္စတွေကို လျှိုထားရန်လဲ ငါ့ဖက်ကတာဝန်ယူတယ်
စိတ်ချလိုက် မျိုသိပ်ရင်း ငါ့အတွက်က ကြာရင်ရူးမယ် နာရီတိုင်းခါးသက်စရာတွေ ကြုံလို့အားပြတ်ခါနေတော့
လူတိုင် ငါ့ကိုဟားဖို့ ကြားဖြတ်ခါမေး မင်းခဏအနားကပ်ခါ ငါ့ဖက်ကနေတွေး စကားတတ်တဲ့ နင့်ပါးစပ်က ထွက်တဲ့
ဘ၀တစ်သက်စာဖြေဆေး ... တော်တော့....မကြားရက်ပါ ဟေ့ဟေး
လထွက်တဲ့ ညဖက်မှာ အတူတူဝေဟင်သို့ ကြယ်တွေကိုငေးရင် နဲ့အတူတူရေချင်လို့
ကြယ်ကြွေရင်ဆုတောင်းခဲ့ရ အတူတူနေချင်လို့
လူကြီးတွေကြားကဖျက်တော့ အတူတူသေချင်လို့ မင်းနဲ့ငါနောက်ထပ်တွေ့ဖြစ်ရင်


Jenny (Chorus)

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့ Ohh!!!
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့နှုတ်ဆက်

J Ki (Rap 2)
စတင်ပြီးတော့ နှုတ်ဆက် အချိန်များကို ငါ့ဖက်ကမသွားချင်ခဲ့လဲ အရှိန်ကတိုး
အရင်က တဒဂ် ချစ်ခဲ့ပေမဲ့ အလွမ်းပန်းချီဆွဲတဲ့ အချစ်ပိတ်ကားမျိုး
အချစ်တွေကိုလဲပေးဖို့ထိပ်ထားသို့ မျက်စိကိုလဲ စုံပိတ်ကာမှိတ်ထားလို့
ဟိုးတုန်းကတော့ ကတိလဲပြုခဲ့ဖူးတယ် လက်ချင်းတွဲမခွဲချိတ်ထားဖို့
စိတ်များဆိုးသွားမှာ ကြောက်နေတာ မင်းကြောင့်ငါ့မှာ ဆောက်တည်ရာ
ခုထက်ထိလဲမရ အချစ်တွေက ရုတ်တရက် ပြုတ်ပျက်ကျကွဲ
ဒီလိုနဲ့ပဲ အဆုံးတစ်ဖက်ကို ပြုံးလျှက်နဲ့ ခုန်ထွက်ကာ အဆုံးသတ်
သစ်တစ်ပင်ကို ခေါင်းနဲ့ကျုံးလျှက်သာ တိုက်လိုက်ချင်
ခုလိုကျတော့ ခုတ်ဖြတ်ခါရိုက်လိုက်ရင် ခံသာဦးမယ်
ကျန်တာအရှုံးပဲ မင်းတစ်ကယ်ပဲပြောထွက်တာဆိုးတယ်
ဝရံတာအမိုးရဲ့ ဘေးက လက်ပြခဲ့တော့ ပြန်ပြတုန်းက
ရှိခဲ့တဲ့မျက်နှာအပြုံးက အခုကျ ဆုပ်ပြ ကိုင်ပြစရာ မကျန်တာအဟုတ်ပဲ
ရန်သာမလုပ်ခဲ့တာ ရုတ်တရက် အဆုံးသတ် နှုတ်ဆက် လမ်းခွဲတာ အခံရဆုံးပဲ
ဒါတောင်မှ တို့နှစ်ယောက်က ပေါင်းသင်းတွေကြားမှာ အစံပြဆုံးအတွဲ
ဆုံခဲ့တဲ့အခိုက်အတန့်မှာ ရုးသွပ်ပြီးတော့ချစ်လို့မိုက်တဲ့ငါ နင်မကြိုက်တဲ့ အလှည့်ကျရင်
အမှိုက်သရိုက်သာသာ အရှိုက်တည့်လာသာ အထိုးခံရသလိုဖြစ်မှာ
နင်နဲ့ငါနဲ့ လမ်းမှာသာမရှောင်လွှဲနိုင်ပဲ နောက်ထပ်တွေ့ဖြစ်ရင်

Jenny (Chorus)

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့ Ohh!!!
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့နှုတ်ဆက်

ရသ (Rap 2)

ကြောင်သာသာ ဦးနှောက်ရှိတဲ ညှောင်နာနာ တစ်ယောက်နဲ့
အဆင်ပြေတယ် ကြားလိုက်ရတော့ ငါ့မှာ ယောင်ချာချာတစ်ယောက်ထဲ
နောင်အခါလာ ငါကြောက်ခဲ့ ချစ်သလိုနင် အယောင်ဆောင်လာတာကြောင့်လဲ
ငါ့မှာစောင့်ခဲ့ ရောက်ဖို့နောက်ကမ္ဘာကဘယ်လောက်လဲ စိတ်ကူးယဉ်မိခဲ့ဒီစိတ်အခု သိပ်မထူး
အတိတ်ဆိုတာက စိတ်ရဲ့အရိပ်တစ်ခု ကြိတ်ရူးမနိပ်ဖူး သူ့ရဲ့ဖုန်းနံပါတ်ကိုနှိပ် .....$%$#
နှလုံးသားကိုကြိတ်လို့ ကြိတ်ဆူးနေပြီ အခန်းတံခါးကို ပိတ်ရင်း သိပ်ကျုးနေမိ
မအိပ်ဖူး မင်းရဲ့ဖိတ်စာက လိပ်ပြာလို တရိပ်ရိပ်ငါ့မျက်လုံးထဲမှာ
လှိမ့်လူးကာတိတ်ဆိတ်လို့နေဆဲ နံရံပေါ်မှာ တလှိမ့်လှိမ့်ဝဲလို့လေထဲလွင့် နေခဲ့စဉ်
မျှော်လင့်သမျှ တစ်ဖြုတ်ဖြုတ်နဲ့ကြွေခဲ့ရင် .... လမထွက်တဲ့ဒီညမှာ အခုဆိုဝေဟင်သို့
တစ်ယောက်ထဲ ကြယ်တွေငေး မျက်ရည်ဝေ့ရင်ငို ကြယ်ကြွေရင်ဆုတောင်းမိတာ
ဒီလိုအခြေနေမျိုး နောက်ထပ်တော့မရောက်လိုပါငါ ကြောက်လို့ပါကွာ ဒါကြောင့်မို့
နောက်ထပ်တွေ့ဖြစ်ရင် ....

Jenny (Chorus)

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့ Ohh!!!
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကျေး
ဟန်ဆောင်နေကြည့်ကြရမှာ နောက်တစ်နေ့ရောက်ရင် ဒါတွေအကုန်မေ့ဒီအချိန်ကြေကွဲစွာနဲ့နှုတ်ဆက်   Download This Song   Here

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment

ခင်မင်လေးစားရပါသော သီချင်းချစ်သူ မိတ်ဆွေများခင်ဗျာ မှတ်ချက်တခုခု ရေးပေးခဲ့ပါ

မိတ်ဆွေများအတွက် အစဉ်အမြဲ ပေးစပ်မှုနဲ့ဆက်လက်ကြိုးစားပေးနေပါအုံးမည်

မိတ်ဆွေများ၏ ကိုယ်ပိုင်သံစဉ်များ တင်လိုပါကလဲ ဆက်သွယ်နိုင်ပါသည်

သီချင်းအသစ်များကို တင်ပေးနိုင်ရန်အတွက် အစဉ်ကြိုးစားလျှက် ......